Shana Tova (ကောင်းသောနှစ်ပါ) လို့ အယောက်စီတိုင်းကို နှုတ်ခွန်းဆက်သပါတယ်။ ယနေ့ညနေ ၆ နာရီ ထိုးသည်နှင့် Jewish New Year (Rosh HaShanah) ၅၇၈၃ ခုနှစ်သို့ ဝင်ရောက်ပြီ ဖြစ်ပေသည်။ ဝင်ရောက်တော့မည့် တံပိုးမှုတ်ခြင်းပွဲ၊ အပြစ်ဖြေရာပွဲ၊ သကေနေပွဲတို့အတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ယခုလာမည့်နှစ်သည် အသက်ရှင်ခြင်းစီးဆင်းရာနှစ် (The Year of Flowing Life) ပင်ဖြစ်သည်။ သင်တို့မိသားစုတိုင်းသည် အသက်ရှင်ခြင်းနှင့်ပြည့်ဝစီးဆင်းနေဖို့ ဘုရားသခင်၏ ကြီးမားသောအလိုတော်ပင်ဖြစ်ပေသည်။ သင်တို့အယောက်စီတိုင်းသည် shalom (ငြိမ်သက်ခြင်းချမ်းသာ) နှင့်ပြည့်ဝပါစေကြောင်း ယေရှုခရစ်တော်၏ နာမတော်၌ ဆုတောင်းပေးပါသည်။ သင်၏မိတ်ဆွေ Dr. David Joy (“အသက်ရှင်ခြင်းစီးဆင်းရာနှစ်” နှင့် “ဆာလံ ၁၀၃” ဒေသနာများ နားထောင်လိုပါက ဆက်သွယ်နိုင်ပါသည်။)

Posted by David Joy at 2022-09-25 10:41:24 UTC